နေပြည်တော် ဇန်နဝါရီ ၂၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကိုကိုကျော်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ - ထိုင်း နှစ်နိုင်ငံသံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှလည်း ပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မည်သည့်တိုက်တွန်းချက်မှမပါရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒ အလျောက် လာရောက်၍ ဆန္ဒမဲများ ပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ခဲ့မှု၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn