နေပြည်တော် ဇန်နဝါရီ ၂၉

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1)သို့ သွားရောက်ကြည့်ရှု၍ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စများကို ဆွေးနွေးမှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ဆောင်ရွက်လျက်ရှိသော ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမုခ်ဦးတည်ဆောက်မှု၊ ဂုဏ်ပြုခံလျှောက်လမ်း(Red Carpet) တည်ဆောက်မှု၊ မီဒီယာများနှင့်ရုပ်မြင်သံကြားအတွက် နေရာချထားမှု၊ အခမ်းအနားအစီအစဉ်နှင့် စင်မြင့် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ LED နှင့် အလင်းပေးစနစ်၊ အသံစနစ်များ စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အခမ်းအနားသို့ အနုပညာရှင်များ အဆင်ပြေစွာ တက်ရောက်နိုင်ရေးနှင့် အခမ်းအနားအစီအစဉ်များကို စနစ်တကျ စီစဉ်ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။   

 

သတင်းစဉ်