ရေကြည် ဇန်နဝါရီ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ကျောင်းများ၊ စက်ရုံအလုပ်ရုံနှင့် လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ဆောင်ရွကသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူးနှင့် ရေသိုလှောင်ထားမှု၊ ဂိုဒေါင်များတွင် ပစ္စည်းသိုလှောင်ထားမှု၊ လောင်စာဆီသိုလှောင်မှု၊ လျှပ်စစ်သွယ်တန်းမှုနှင့် လူနေအိမ်များတွင် ချက်ပြုတ်သည့်နေရာများအား စစ်ဆေးခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုနည်းကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)