ရေးမြို့တွင် သဲကျောက်ကုန်ကြမ်းများ ယခင်နှစ်ထက် အရောင်းအဝယ်ကျဆင်း

mdn

ရေး ၂ ဧပြီ

 

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အိမ်အဆောက်ဦတွေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် အသုံးပြုနေတဲ့ သဲ၊ ကျောက် ရောင်းဝယ်မှုဟာ ယခင်နှစ်ထက် ကျဆင်းနေတယ်လို့ သဲကျောက်လုပ်ကိုင်နေသူ တွေက ပြောပါတယ်။

 

အရင်နှစ်က  ဒေသဖွံ့ဖြိုးရေး စီမံကိန်းအကြီးစား နေရာတွေမှာ ပိုမို သယ်ပို့ပေးနေရပေမယ့် အခုနှစ်က လုပ်ငန်း အသေးစား အဆောက်အဦတွေလောက်ပဲ သုံးစွဲလာတဲ့အခါ  ယခင်နှစ်တွေကထက် သဲကျောက် သုံးစွဲတာ ထက်ဝက်နီးပါးလောက်  ကျဆင်းလာနေတယ်လို့ သဲကျောက်ပို့ဆောင်ရေး ယာဉ်မောင်းဦးကျော်စွာက   ပြော ပါတယ်။

 

 

 

 

ယခင်နှစ်လောက် သဲကျောက် ကုန်ကြမ်းတွေကို ဝယ်ယူတဲ့ကုမ္ပဏီတွေသိပ်မရှိဘူး။ သဲကျောက်ကုန်ကြမ်း ပြတ်လပ်မှုနဲ့ပါ ကြုံတွေ့ရသလို အခုနှစ်လည်း သဲကျောက်ကုန်ကြမ်း စုပ်ယူရာမှာ နေရာအခက်ခဲတွေရှိလာ နေသလို ဥပဒေနဲ့အညီလုပ်ပိုင်ခွင့်ဖြင့် လုပ်နေခဲ့သော်လည်း တိုင်တန်းမှုတွေရှိလာခဲ့တဲ့အခါ အောက်ခြေမှာ ပြေလည်မှုတွေရအောင်လည်းလုပ်နေရပါတယ်” ဟု သဲ၊ ကျောက်ထုတ်လုပ်ကိုင်နေသူ မသီတာက ပြောပါ တယ်။

 

သဲကျောက် ကုန်ကြမ်းတွေကို ရေးမြစ်ချောင်းကနေတစ်ဆင့် စုပ်ယူကြပြီး သဲကျောက်လုပ်ငန်းရှင် ၄ဦး လောက်ရှိသည်။  သဲ ၁ကျင်းလျှင် ၉၀ဝ၀ ကျပ် ရကာ ကျောက် ၁ ကျင်းမှာ  ၃၀ဝ၀ဝကျပ် နဲ့၄၀ဝ၀ဝ ကြား ဖြစ်ကာ  သဲကျောက်စုပ်ယူတဲ့အခါ မြစ်ကမ်းပါးယံ ပြိုကျမှုတွေရှိနေပေမယ့် ဒေသလိုအပ်ချက်အရတော့ ဆက် လက်ထုတ်ယူနေရဆဲဖြစ်တယ်လို့  ဆိုပါတယ်။

 

 

နေမျိုးထွဋ် (ရေး)