ရေတာရှည် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ပေါ်၌ စားအုန်းဆီဖြန့်ဖြူး ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးမှုရှိ၊ မရှိ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျရောင်းချပေးခြင်း ရှိ၊ မရှိ၊ အလေးချိန် မှန်ကန်စေရေးနှင့် ရရှိသည့် ဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ်ရောင်းချပေးမှုရှိ၊ မရှိ အခြေအနေများကို ဇန်နဝါရီ ၂၆ ရက်က တာဝန်ရှိသူများအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးသည်။
စစ်ဆေး
ရေတာရှည်မြို့အနေဖြင့် နေ့စဉ်စားအုန်းဆီ ၆ ဒသမ ၆၄ ပီပါ၊ တစ်လ ၁၆၆ ပီပါဖြင့် လစဉ်စားအုန်းဆီ ပိဿာချိန်ပေါင်း ၁၈၂၆၀ ခွဲတမ်းရရှိပြီး အဆိုပါဆီများကို မြို့ပေါ်ခြောက်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ ပြည်သူများထံသို့ လစဉ်ဖြန့်ဖြူးပေးလျက်ရှိရာ တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံဦးမျိုးအောင်၊ မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေး၊ ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တောင်ငူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


