သာစည် ဖေဖော်ဝါရီ ၁

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဟင်းခွတ်အိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ကျောင်းဆောင်သစ် အဆောက်အအုံရှေ့၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြတ်သူနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် ဦးရဲလွင်က ကျေးဇူးတင်စကားပြောကြားသည်။

 

ယင်းနောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများကို ကျောင်းဆောင် သစ်အား တာဝန်ယူဆောက်လုပ်ခဲ့သော ရွိုင်ရယ်မြ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းမိုးက မြို့နယ်ပညာရေးမှူးထံ ပေးအပ်သည်။ ကျောင်းဆောင်သစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာနငွေလုံးငွေရင်းရန်ပုံငွေဖြင့် အလျားပေ ၁၁၀၊ အနံပေ ၃၀ အာရ်စီနှစ်ထပ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)