သာပေါင်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်က အုပ်ရှစ်ကျေးရွာအုပ်စု ငှက်ပေါက်အင်းအတွင်း အုပ်ရှစ်ချောင်း ရေပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုး စိုက်ထည့်ကြသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့် ဌာနဆိုင်ရာတို့က အင်းလုပ်သားကြီးများ လက်ဝယ်သို့ ငါးမျိုးစိတ်များ လွှဲပြောင်းပေးအပ်ကြပြီး အုပ်ရှစ်ကျေးရွာအုပ်စု ငှက်ပေါက်အင်းအတွင်း အုပ်ရှစ်ချောင်းရေပြင်သို့ ငါးမြစ်ချင်းနှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၁၁၅ဝဝဝ တို့အား စုပေါင်းငါးမျိုးစိုက် ထည့်ခဲ့ကြကြောင်း သိရသည်။
သာပေါင်း(ပြန်/ဆက်)


