သရက် ဇန်နဝါရီ ၂၅
သရက်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောခြင်းကို ဇန်နဝါရီ ၂၃ ရက်က သရက်မြို့ အထက(ခွဲ)နှင့် အလက(၃)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက သရက်မြို့ အထက(ခွဲ)နှင့် အလက(၃)ရှိ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ ၂၀၀ တို့အား စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ရှင်းလင်းပြောကြားခြင်းနှင့် မီးခိုးမြူငွေ့ အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုခန့်


