အပူရှိန်မြင့်မားမှုကို ကာကွယ်ရန် မိုးခေါ်လွန်ဆွဲပွဲများ မန္တလေးမြို့တွင် ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ ၈၁ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ ဗောင်းတော်ကျဘုရားရှေ့တွင် အပူရှိန်မြင့်မားမှုကို ကာကွယ်ရန် ယနေ့ ညနေ ၄ နာရီခွဲက မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့သည်။




