ဒသမတန်း လူရည်ချွန်မောင်မယ်များ လူရည်ချွန်စခန်း(ငွေဆောင်)သို့ ရောက်ရှိ

၂၀၁၈ - ၂၀၁၉ ဒသမတန်း လူရည်ချွန် မောင်မယ်များသည် အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ထိုမှတစ်ဆင့် လူရည်ချွန်စခန်း(ငွေဆောင်)သို့ ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

ဟားခါး ၂၉ ဧပြီ 

(၁၅)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကျင်းပ
(၁၅)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ  အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာကော်မတီဆောင် I- 20 ၌ ကျင်းပသည်။
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာတိုရှိအိုနီရှိမူရနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့၊ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံ သည်။
အဋ္ဌမတန်း လူရည်ချွန်လူငယ်များ ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိ
၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ ဆရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်အား လေ့လာကာ မဟာမြတ်မုနိဘုရားအား ဖူးမြော်ကြည်ညိုကြပြီး ညနေပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိကြသည်။