ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ရွှေထီးတော် အောင်လံမြို့သို့ ဒေသစာရီကြွချီအပူဇော်ခံ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်သို့  နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကုန်းတော်၌် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့သည် ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပြည်မြို့မှတစ်ဆင့် အောင်လံမြို့နယ်သို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဒေသစာရီကြွချီအပူဇော်ခံ ရောက်ရှိခဲ့သည်။
မြောက်ဦးမြို့၌ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အလိုတော်ပြည့်ဘုန်းကြီးကျောင်း၊ အောင်မြေဗောဓိဓမ္မရိပ်သာ၌ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 
ဇီးကုန်းမြို့တွင် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ
ပဲခူးတိုင်းဒေသကြီး  ဇီးကုန်းမြို့ အမှတ်(၄)ရပ်ကွက် စည်ပင်လမ်းတွင် ယနေ့ နံနက် ၉ နာရီခွဲက ပထမအကြိမ်အဖြစ် စာပေပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
စိန်တလုံးသရက်သီး လှိုင်လှိုင်ပေါ်စအချိန်တွင် ယမန်နှစ်ထက် ဈေးကောင်းရနေ
ယခုရာသီတွင် ထွက်ရှိသည့် စိန်တလုံး သရက်သီးများ သင်္ကြန်မတိုင်မီ ပေါ်ဦးပေါ်ဖျားကာလ၌ အဖွင့်ဈေးကောင်းမွန်သည့်အပြင် လက်ရှိ လှိုင်လှိုင်ပေါ်စအချိန်၌လည်း ယမန်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
နဝမတန်း လူရည်ချွန် အပန်းဖြေစခန်း အင်းလေး(ခေါင်တိုင်)တွင် ဖွင့်လှစ်မည်
၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း စိစစ်ရွေးချယ်ခဲ့သည့် နဝမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများကို အင်းလေးဒေသတွင် အပန်းဖြေစခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့၌ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခြင်းကို ဝန်ကြီးချုပ်ကြည့်ရှုအားပေး
ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ နော်ဝေနိုင်ငံ Nava လူမှုရေးအသင်းအဖွဲ့နှင့် ပဲခူးမြို့ပေါ် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍
(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နယ်မြေအတွင်း မြန်မာသရက်သီးများ ရောင်းအားကောင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြိုနယ် မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် နယ်မြေအတွင်း မြန်မာသရက်သီးများ အရောင်းအဝယ် ကောင်းနေကြောင်း သိရသည်။