ရေတာရှည်မြို့နယ်တွင် စစ်တောင်းမြစ်ရေတင်၍ မိုးကြိုပြောင်းများ စတင်စိုက်ပျိုး
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်းရှိ ယာသီးနှံစိုက်ပျိုးသော တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်ဖြင့်တင်ကာ မိုးကြိုပြောင်းများ ယခုအခါ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြင်တွေ့ခဲ့ရသည်။







