တောင်ကြီး ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ရုရှားနေကြာမျိုးစိုက်ပျိုးထားရှိမှုကို ဇန်နဝါရီ ၃၁ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပေါင်းစပ်ညှိနှိုင်း
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက အပင်ပေါက်နှုန်းအား ကောင်းမွန်စေရေး၊ လိုအပ်သည့် အစိုဓာတ်ရရှိရန်အတွက် ရေသွယ်တန်းမှု၊ စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးထားရှိမှုရှိ/မရှိတို့ကို ကြည့်ရှုပြီး အပင်၏ အသက်ရက်အလိုက် ကျွေးရမည့်အစာအာဟာရများ အချိုးကျ အချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ရန်နှင့် ရာသီကုန်ရိတ်သိမ်းချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်းကြပ်မတ်ဆောင်ရွက် သွားကြရန် ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


