ထားဝယ်   ဇွန်   ၈

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ထားဝယ်မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား  နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေမှုနှင့် UID ကတ်  ထုတ်ပေးနေမှုကို  လှည့်လည်ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို  ကာယကံရှင်များထံ  လက်ဝယ်အရောက်ပေးအပ်သည်။

အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက်(၁၀)နှစ်နှင့် အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                 

တိုင်းဒေသကြီး(ပြန်/ဆက်)