YGEA မိုဘိုင်းအက်ပလီကေးရှင်း စတင်စမ်းသပ်

ရန်ကုန် ၁၆ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် Software စနစ်ဖြင့် ရွှေအရောင်းအဝယ်ပြုလုပ်ရန် Mobile Application နှင့် Admin System ကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက အသင်းရုံးတွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မိုဘိုင်းအက်ပလီကေးရှင်းကို အသင်းသားများထံထည့်ပေးကာ အသင်းဝင်များထည့်သွင်း၍ စတင်စမ်းသပ်ခဲ့ကြသည်။ Admin System တွင် အသင်းဝင်၏ အချက်အလက်များ ထိန်းသိမ်းခြင်း၊ Deposit ငွေပမာဏသတ်မှတ်ခြင်း၊ တစ်နေ့တာ အရောင်းအဝယ်ပြုလုပ်ထားသည်များ ဈေးနှုန်းနှင့် ပစ္စည်းပမာဏအား Transaction Record များ မြင်တွေ့နိုင်ခြင်း စသည့် အားသာချက်များ ရရှိမည်ဖြစ်ပြီး Mobile Application တွင် Deposit (ကြိုသွင်းငွေပမာဏ) အဝယ် Transaction စာရင်းသွင်းခြင်း၊ အရောင်း Transaction အတည်ပြုခြင်း၊ အရောင်းအဝယ် Transaction Record ကြည့်ခြင်း၊ အရှုံးအမြတ်စာရင်းကြည့်ရှုခြင်းများ ရရှိနိုင်မည်ဟု သိရသည်။

 

မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ရွှေအရောင်းအဝယ်ပြုလုပ်ရန် မိတ်ဆက်ခြင်းမှာ မြန်မာနိုင်ငံတွင် YGEA (ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း) အနေဖြင့် ပထမဆုံးဖြစ်ပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အသင်းဝင်များ တက်ရောက်ခဲ့ကြောင်း YGEA ထုတ်ပြန်ချက်အရ သိရသည်။

MDN