ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံတွင်းက လုပ်ငန်းတွေ ရပ်နားထားသလို လေကြောင်းခရီးစဉ်တွေပါ ဖျက်သိမ်းထား

၂၉ ဇန်နဝါရီ

 

တရုတ်နိုင်ငံအတွင်းရှိ စတားဘတ်ကော်ဖီဆိုင်ပေါင်း ၄၃၀၀ မှ ဆိုင်ပေါင်း၂၀၀၀ ကျော် ပိတ်လိုက်ကြောင်း သိရပါတယ်။ ဟူဘေပြည်နယ်မှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တွေနဲ့ နိုင်ငံတစ်ဝန်းမှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင် တစ်ဝက်ကျော်ကို ပိတ်ထားကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ဘေကျင်းမြို့ စတားဘတ် ကော်ဖီဆိုင်ကို ၁၉၉၉ ခုနှစ် ဇန်နဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 

5

 

တိုရိုတာကုမ္ပဏီကလည်း သူ့ရဲ့ လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ပိတ်ကြောင်း ဒီကနေ့ ထုတ်ပြန် ကြေညာသွားပါတယ်။ အခြေအနေတွေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လုပ်ငန်းတွေအတွက် ဆုံးဖြတ်ချက်ထပ်မံ ပြုလုပ်သွားမယ်လို့ တိုရိုတာရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံက Lion Air လေကြောင်းလိုင်းက  ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး ကြေညာချက်အသစ် မထုတ်ပြန်မခြင်း ခရီးစဉ်တွေ ဆက်လက်ပိတ်ထားမယ်လို့ ကုမ္ပဏီပြောခွင့်ရသူက ပြောပါတယ်။ လေကြောင်းက ခရီးစဉ်များကို ယာယီရပ်ဆိုင်းမယ်ဆိုရာတွင် တရုတ်နိုင်ငံရဲ့ မြို့ ၁၅ ခုကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေ အားလုံးဖြစ်နိုင်ကြောင်း သိရပါတယ်။

 

ဗြိတိသျှလေကြောင်းလိုင်းနဲ့ ရုရှားလေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံကို ပျံသန်းမယ့် ခရီးစဉ်တွေ ရပ်ဆိုင်းကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။  ရုရှားလေကြောင်းလိုင်းက ဥရောခရီးစဉ်တွေဖြစ်တဲ့ ပြင်သစ် (Paris) နဲ့ အီတလီ(Rome) ခရီးစဉ်တွေပါ ယာယီရပ်ဆိုင်းမယ်လို့ သိရပါတယ်။

 

ပါပူရာနယူးဂီနီကတော့ ရေကြောင်းလမ်းနဲ့ လေကြောင်းလမ်းကို အသုံးပြုပြီး လာရောက်မယ့် အာရှနိုင်ငံမှ နိုင်ငံခြားသားခရီးသည်အားလုံးကို ဒီကနေ့ကစပြီး ဝင်ခွင့် မပေးတော့ကြောင်း သိရပါတယ်။

 

53

 

ပါပူရာနယူးဂီနီမှာ နေထိုင်တဲ့သူတွေကိုတော့ အာရှနိုင်ငံတွေကနေ ပြန်လာခဲ့မယ်ဆိုရင် သူတို့အားလုံးကို ၁၄ ရက် တိတိ သီးခြားခွဲထားပြီး စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP