ကယ်လီဖိုးနီးယားတွင် ပြင်းအား ၆ ဒသမ ၄ ပမာဏရှိ ငလျင်လှုပ်ခတ် ၂၀ ဦးဒဏ်ရာရ

၅ ဇူလိုင်

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင်ယမန်နေ့မနက် ၁၀ နာရီ ၃၀ မိနစ်က ပြင်းအား ၆ ဒသမ ၄ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရဲ နှင့် မီးသတ် တာဝန်ရှိသူများက ဆိုသည်။

 

လော့အိန်ဂျယ်လိစ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ဝ ကျော်အကွာတွင် ထိုငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဆန်တာမိုနီကာမြို့တွင် ငလျင်တုန်ခါမှု ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများ ပျက်စီးပြီး မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံမီဒီယာက ပြောကြားခဲ့သည်။ ထိုငလျင်ကြောင့် ဒဏ်ရာရသူ အချို့ရှိကြောင်း ဒေသန္တရမီးသတ်ဦးစီးဌာနက ဆိုသည်။

 

လော့အိန်ဂျယ်လိစ်မြို့ ဆင်ခြေဖုံးတွင် ရေပိုက်များ ကျိုးပဲ့ပြီး အဆောက်အဦး နံရံများ အက်ကွဲခဲ့သည် ဟု ၎င်းတို့က ပြောဆိုသည်။

 

လေယာဉ်ပြေးလမ်းများအားလုံးကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် လေယာဉ်ပျံသန်းမှုများ ပုံမှန်အတိုင်း လုပ်ဆောင်နေကြောင်း လော့အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွစ်တာတွင် ရေးသားဖော်ပြထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို