မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

အောက်တိုဘာ  ၁၃ ရက်မှအဆက်

ကြည်စိုးထွန်း ။ ။ တကယ့် တချို့ဆိုရင် စစ်ကားထဲမှာဆိုရင် နိုင်ငံခြား စစ်ကားကိုမီတာ  ဒီကားပဲ။   အဲဒီလိုပြောကြတာပါတယ်။  ကျွန်တော်တို့ ကိုယ်တိုင်ကလည်း မြန်မာစစ်ကားတွေ တော်တော်များများ ကြည့်ဖူးတယ်။ ဒါပေမယ့် ‘ပုလဲမျက်ရည်’ ပဲ စွဲတယ်။

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း  ။ ။ ‘ပုလဲမျက်ရည်’ တော်တော်ကောင်းတယ်။ ဇာတ်သွား ထားပုံရော၊ ရိုက်တာတွေရော၊  နောက်ပြီးတော့ ရိုက်ကွင်းရိုက်ကွက်ပေါ့နော်။ နောက်ကင်မရာအယူအဆတွေ သိပ်ကောင်းတာပဲ။

ဒေါ်ခင်ယုမေ ။ ။ ထော်လီတို့ ဘာတို့ စပေါ်တယ်ဆို ဂျပန်မှာလားမသိဘူး။

ကြည်စိုးထွန်း ။ ။ ဪ - ဟုတ်ကဲ့ ။

ဒေါ်ခင်ယုမေ ။ ။ ဂျပန်ကိုလေ  တစ်နှစ်  ကိုယ့်စရိတ်နဲ့ကိုယ်  သွားသင် ရတာ၊ အဲဒီတုန်းက ဘယ်သူမှ နိုင်ငံခြားထွက်ဖို့ မရဘူးလေ ။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် ။

ဒေါ်ခင်ယုမေ ။ ။ ကိုယ့်စရိတ်နဲ့ကိုယ်  တိုကျိုမှာ  တစ်နှစ်သွားသင်တာ။ ယမ်းဖောက်တာ၊ ကိုယ်ထဲမှာ ထည့်ပြီး ဒီကပစ်လိုက်ရင် ဖောင်းဆိုပေါက်တာ။ အဲဒါ သူ့ပညာတွေလေ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အစ်မ။

ဒေါ်ခင်ယုမေ ။ ။ ဘယ်သူက  ဘာပြောလဲ  မပြောဘူး။  သူတို့ဟာ သူတို့ တတ်တဲ့ပုံ ဖြစ်နေတာ။

ကြည်စိုးထွန်း ။ ။ မဟုတ်ဘူး၊ မဟုတ်ဘူး အစ်မ။

ဒေါ်ခင်ယုမေ ။ ။ ကိုယ်က အစကတည်းက သိနေတော့။

ကြည်စိုးထွန်း ။ ။ ဒါပေမယ့် အစ်မ သူ့ပညာကတော့။ 

ဒေါ်ခင်ယုမေ ။ ။ ထော်လီတွေလေ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အစ်မ ။

ဒေါ်ခင်ယုမေ ။ ။ ဘယ်သူမှ ထော်လီ မရှိဘူး ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ ဗိုလ်အုန်းသီး ကောင်းစားသွားတာ။   သူများက   ဗိုလ်အုန်းသီး ထော်လီလုပ်ခိုင်းတာလေ။ 

ကြည်စိုးထွန်း ။ ။ ဪ။

ဒေါ်ခင်ယုမေ ။ ။ ဗိုလ်အုန်းသီးဆို နောက်ကုမ္ပဏီတွေက ထော်လီမှာ ထော်လီမှာ။

ကြည်စိုးထွန်း ။ ။ တကယ်တော်တာ အစ်မ။

ဒေါ်ခင်ယုမေ ။ ။ ‘ပုလဲမျက်ရည်’ ကျတော့ တောထဲမှာ ချရမှာဆိုတော့ သစ်သားလိုင်းနဲ့ မဖြစ်ဘူး။ 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ သံပိုက်လိုင်းတွေလုပ်၊   သံပိုက်လိုင်းတွေ  အဲဒါတွေ သယ်ရတာကို မနည်းဘူး။  အရင်တုန်းကတော့ တောထဲထားပစ်ခဲ့တာပဲ။ ဘယ်နေ့စဉ် ဘယ်လိုလုပ် သယ်နိုင်မလဲ။

ကြည်စိုးထွန်း ။ ။ ဒါပေါ့ အစ်မရယ်။

ဒေါ်ခင်ယုမေ ။ ။ လျှိုတွေ၊ ချောင်တွေ အဲဒီအထဲကို သွားရတာလေ။

ကြည်စိုးထွန်း ။ ။ ရှမ်းပြည်နယ်ကလည်း  စိတ်ချရတယ်အစ်မ။   ရှမ်းပြည်နယ်က သူခိုးမရှိဘူးလေ။

ဒေါ်ခင်ယုမေ ။ ။ အခုဆို မရဘူး၊ အရင်ကတော့နော် ဘာမှမပျောက်ဘူး။

ကြည်စိုးထွန်း ။ ။ အမ်း - အစ်မ လူကလည်းမကြည့်ဘူး။

ဒေါ်ခင်ယုမေ ။ ။ သူတို့အချင်းချင်း ထင်းခွေတာ ဥပမာ သူခွေထားတဲ့ ထင်းဆိုရင်။

ကြည်စိုးထွန်း ။ ။ မယူဘူး။

ဒေါ်ခင်ယုမေ ။ ။ တခြားလူက မယူဘူး။ သိပ်သစ္စာရှိတာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့ ရိုးလည်းရိုး။

ဒေါ်ခင်ယုမေ ။ ။ ခုတော့ နည်းလားအောက်မေ့နေမယ်၊  ဘာမှမရတော့ ဘူး။

ကြည်စိုးထွန်း ။ ။ ဦးကျော်ဆွေက တကယ့်ကို နှမြောစရာကောင်းတာပေါ့ အစ်မရယ်။  ရုပ်ရှင်လောကမှာ ဆိုရင်တော့ သူရုပ်ရှင်အပေါ်မှာလည်း တိုးတက်စေချင်တဲ့ဆန္ဒ စေတနာ အများကြီးရှိတယ်။ တိုးတက်အောင်လည်း သူလုပ်သွား ခဲ့တယ်။

ဒေါ်ခင်ယုမေ ။ ။ သူက ရုပ်ရှင်နဲ့အကျိုးမပေးပါဘူး။

ကြည်စိုးထွန်း ။ ။ အမ်း  -  အကယ်ဒမီတော့  မရဘူးပေါ့ အစ်မရယ်။ ဒါပေမယ့်  သူ့ကို  မမေ့နိုင်ဘူးလေ။ အခုပြောကြပြီဆို သူ့ကားတွေက မကျန်လို့ပေါ့ အစ်မရယ်။ ကျန်ရစ်ခဲ့တယ်ဆိုရင် သူ့ကိုမီတာ ကျွန်တော်တို့လည်း မမေ့နိုင်ဘူးလေ။

ဒေါ်ခင်ယုမေ ။ ။ ‘ချစ်မေတ္တာ’ဆို မမေလွင်တို့လေ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ။

ဒေါ်ခင်ယုမေ ။ ။ သူက ကင်မရာတွေအများကြီးပေါ့။  သူက အရင်ကဆို ကင်မရာတွေ ဒီနားမှာ ထောင်ထားမယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ သူကဖြတ်လိုက်၊  ဝင်လိုက်  အဲဒီလောက်ပဲရှိတာကိုး။

ကြည်စိုးထွန်း ။ ။ မှန်တာပေါ့။

ဒေါ်ခင်ယုမေ ။ ။ ဟိုးရှေးတုန်းက ခေတ်က ထောင်ရိုက်ပဲ။

ကြည်စိုးထွန်း ။ ။ ပြဇာတ်လိုဟာမျိုးပေါ့။

ဒေါ်ခင်ယုမေ ။ ။ ခုဆိုမဟုတ်ဘူး။ ကိုယ်ကသွားရင် လူသွားတဲ့နောက်ကို ကင်မရာကလိုက်တယ်။  ကိုယ်  ပက်လက်လန်ကျသွားတယ်၊ အပေါ်စီးက ကြည့်တယ်။ အောက်ကကြည့်တယ်။  ကင်မရာက အပေါ်ကယူတယ်။

ကြည်စိုးထွန်း ။ ။ ဒါပေါ့၊ ဒါပေါ့။

ဒေါ်ခင်ယုမေ ။ ။ အောက်ကနေ  အပေါ်ကိုပြန်ကြည့်ရင်   အောက်က တစ်ခါယူတယ်။

ကြည်စိုးထွန်း ။ ။ Subjective ကင်မရာပေါ့။ 

ဒေါ်ခင်ယုမေ ။ ။ အစ်မတို့  မီးရထား  ‘ချစ်မေတ္တာ’ မှာ မီးရထား ဘဝ သံသရာကွေ့ပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ ကင်မရာမန်းက ကိုစန်းမောင်တို့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ ချစ်မင်းလူတို့၊ ဘာတို့က သေးသေးလေး ဘက်ထရီအိုး ထမ်းတုန်း၊ အခုဖထီး  ကရင်လေးဆို အမလေး သေးသေးလေးရှိသေးတယ်။ အခုသူတို့တွေ    ဆရာတွေ။   ဘာတွေလဲဆိုရင်   အဲဒီက  အတွေ့အကြုံတွေ ရထားတာ။

ကြည်စိုးထွန်း ။ ။ မှန်တာပေါ့ အစ်မရယ်။

ဒေါ်ခင်ယုမေ ။ ။ အစ်မတို့   မိုးရုပ်ရှင်နဲ့ရိုက်တယ်။ ပြီးရင်  သူတို့ကို             ငှားတယ်။ ဟဲ့ ကျော်ဆွေ ဘယ်နားရှိလဲ၊ ဘယ်ရိုက်ကွင်းရှိလဲ၊ ငါတို့လိုက်ပြစမ်း။ သူက အကုန်ပြတယ်၊  ဘယ်လိုရိုက်တယ်၊ ဟိုလိုရိုက်တယ်။ အဲဒီလိုပေါ့ လေထဲ ကို ပုလင်းလွှင့်လိုက်တယ်၊ အောက်ကနေ ဒိုင်းဆို ပစ်လိုက်တယ်။ အဲဒါတွေပေါ့။

ကြည်စိုးထွန်း ။ ။ အင်းပေါ့။

ဒေါ်ခင်ယုမေ ။ ။ သူက သေနတ်လည်း ပစ်တာပေါ့။ သူက တစ်ခါတလေကျ တကယ်ပစ်တာလေ။  အဲဒါမျိုးတွေရှိတာကိုး။ ပန်းကန်ပြားတွေ ပစ်တာ ဖောက်တာ၊ အဲဒီလို ယမ်းကိုယ်ထဲမှာ ထည့်ဖောက်တာ၊ ဗုံးတွေခွဲတာ၊ ဒီလို ယမ်းပျော့နဲ့လေ။                

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ အစ်မတို့လည်း   မသေချင်လို့။   အောက်ကဗုံးတွေ လုပ်ထားတာလေ။ ဖုံးထားတာ ကိုယ်က ဘယ်သိမလဲ၊ ကိုယ်ကပြေးရတယ်။

ကြည်စိုးထွန်း ။ ။ ပြောလည်း မပြောဘူးလား။

ဒေါ်ခင်ယုမေ ။ ။ ပြောတော့ ပြောပါတယ်။ နို့ဆီခွက်ထဲမှာ ယမ်းပျော့တွေ ထည့်၊ တွင်းတူး၊ တွင်းတူးပြီး မြှုပ်၊ မြှုပ်ပြီးတော့မှ သဲတွေရော၊ ဖွဲပြာတွေရော၊ အမှိုက်တွေရော အကုန်ထည့်ထားတာ။

ကြည်စိုးထွန်း ။ ။ ဟာ - ကောင်းတာပေါ့။ 

ဒေါ်ခင်ယုမေ ။ ။ ထည့်ထားပြီးတော့   သိပ်ဝေးဝေးကြီး  ပြေးပြန်တော့ လည်း ဘယ်သဘာ၀ကျမလဲ။ 

ကြည်စိုးထွန်း ။ ။ ကြည့်မကောင်းဘူး ။

ဒေါ်ခင်ယုမေ ။ ။ ဒီနားမှာမြှုပ်ထားတယ်ဆိုပေမယ့် လူလေ အမူအရာလုပ်တော့ အမူအရာလည်း  ကြည့်ရတယ်။ လွတ်ပါ့မလားလည်း ကြည့်ရတယ်။ ကိုယ်က အဲဒါတွေ ဇောဆိုတော့  ဒါတွေ ဘာတွေ မသိနိုင်ဘူး။ ဟာ ဖြတ်ပြေး သွားတယ်။  လုံချည်တွေများ ဖွာကနဲ လုံချည်အောက်နားဆိုစုတ်။

ကြည်စိုးထွန်း ။ ။ အဲဒါကြောင့် ကောင်းတာအစ်မ။

ဒေါ်ခင်ယုမေ ။ ။ ဟာ ခြေထောက်တွေမှာဆိုလည်းလေ ဆီပူလောင်ထားသလို ယမ်းစက်တွေ လောင်တာ၊ တစ်ခါတလေကျ အဲဒီပေါ်တက်ရင် သေမှာလေ၊ ဗုံးခွဲတာပဲ။

ကြည်စိုးထွန်း ။ ။ ဒါပေါ့၊  အတူတူပဲလေ အစ်မ။

ဒေါ်ခင်ယုမေ ။ ။ ရထားမိုင်းဗုံးခွဲတဲ့ဟာတွေ လုပ်တာ။

ကြည်စိုးထွန်း ။ ။ မှန်တာပေါ့ အစ်မရယ်။

ဒေါ်ခင်ယုမေ ။ ။ အမလေး ခြေထောက်က ယမ်းပျော့တွေနဲ့ကိုချတာ။ အခုလိုမဟုတ်ဘူး။  တကယ့်ယမ်းပျော့တွေနဲ့ ချတာ။

ကြည်စိုးထွန်း ။ ။ ‘ပုလဲမျက်ရည်’ ကလည်း မိန်းမဆိုလို့ အစ်မတစ်ယောက် တည်းပါတာ။

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။  တချို့ခရီးသည်တွေလည်း  ပါတာပေါ့။ ပြေးဟယ်လွှားဟယ်နဲ့   တစ်ခါတလေကျ   ကျောက်တောင်ကြီးမှာ  ဟိုက လှမ်းပစ်လိုက်တာ၊   ပေါက်တာ  နောက်စေ့တွေ  ဘာတွေပွင့်သွားမလား အောက်မေ့ရတယ်၊ ဟာ ချက်ချင်းရှောင်ရတယ်။ အဲဒီလိုမျိုးတွေ၊ အသည်းတော့ ယားရတာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့  အစ်မရယ်၊  ကောင်းလည်း  ကောင်းပါတယ် အစ်မရယ်။ အဲဒါတွေ မကျန်ရစ်တာပေါ့။ ကျန်များ ကျန်မလားလို့ ကျွန်တော်လည်း လျှောက်လျှောက် မေးနေပါတယ် အဲဒါလေး။

ဒေါ်ခင်ယုမေ ။ ။ တစ်ခါတလေကျ ကတုတ်ကျင်းရှိတယ် မဟုတ်လား။ ကတုတ်ကျင်းရဲ့ နှုတ်ခမ်းကို စက်သေနတ်နဲ့ပစ်၊ ဝုန်းဝုန်းဝုန်းဆို ပေါက်သွားတယ်။ အရင်တုန်းက ပလတ်စတစ်ကျည်ဆန် မဟုတ်ဘူးလေ။ တကယ့်ရိုင်ဖယ် ကျည်ဆန်။  ကြေးအခွံကြီးတွေ။ ပလတ်စတစ်တွေ ဘာတွေ မလုပ်သေးဘူးလေ။ အဲဒီတော့ ရိုင်ဖယ်ကျည်ဆန်အခွံတွေထဲ ယမ်းထည့် အကုန်လုံးဝိုင်ယာကြိုး တွေနဲ့လုပ်၊  ကိုယ်ကတွင်းနှုတ်ခမ်းမှာ သေနတ်နဲ့ ချောင်းနေတာတွေလုပ်။ ဟိုက  ဖောက်  ဝုန်းဝုန်းဝုန်းဆို   အမလေး  တစ်ခါတည်း   ခေါင်းတွေရော  ဘာရော အဲဒီကယမ်းတွေစဉ်တာ။ အကုန်လုံး ဆီပူလောင်သလို မျက်နှာတွေမှာ အကုန် အပူလောင်တာပဲ။ ဆီထဲစဉ်ပါရောလား။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့ အစ်မရယ်။ ယမ်းထိတာကိုး အစ်မရဲ့။

ဒေါ်ခင်ယုမေ ။ ။ နောက် ဌေးဝင်းတို့၊ ဘာတို့ဆို ညီမအတွက် ပုံတသွယ်။ သစ်သားမှာယမ်းထည့်ပြီး လုပ်တာ။ သူမရှောင်နိုင်တဲ့အခါ သူ့မျက်လုံးပျက်သွားတယ် မဟုတ်လား၊ သစ်သားစက မျက်လုံးထဲထိုးတာ။

ကြည်စိုးထွန်း ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။

ဒေါ်ခင်ယုမေ ။ ။ အစ်မတို့တွေလည်း မထိလို့ ထိရင်ဒုက္ခိတဖြစ်တာကြာပြီ။

ကြည်စိုးထွန်း ။ ။ အင်းပေါ့။ ဘယ်လိုခေါ်မလဲအစ်မရယ် သက်စွန့်ကြိုးပမ်း ကိုလုပ်တာနော်။ တကယ်လည်း လေးစားစရာကောင်းပါတယ်။

ဒေါ်ခင်ယုမေ ။ ။ ဟိုဘက် ကတုတ်ကျင်းက   ဒီဘက်  ကတုတ်ကျင်းကို လှိမ့်ပြီး  ကူးရတာတွေ ဘာတွေ လုပ်ရတာ၊ တံတောင်ဆစ်တွေဆိုပွန်း။ ဟာ စုတ်ပြတ်သပ်နေတာပဲ။

ကြည်စိုးထွန်း ။ ။ အောင်မြင်ပါတယ် ကားကတော့။

ဒေါ်ခင်ယုမေ ။ ။ ခြေထောက်ကတော့ ဖိနပ်မစီးရတော့လေ။

ကြည်စိုးထွန်း ။ ။ ‘ပုလဲမျက်ရည်’နော်။ အဲဒါ နောက်တစ်ခါ ‘မချူသာသည်’၊  ‘မချူသာသည်’ ကျ နည်းနည်း သက်သာပါတယ်နော် ။ နောက် ‘ပုံပမာ’။

ဒေါ်ခင်ယုမေ ။ ။ ‘မချူသာသည်’ ကျတော့လည်း ခက်တာပဲလေ။

ကြည်စိုးထွန်း ။ ။ အင်း - ပြောပါဦး အစ်မ။

ဒေါ်ခင်ယုမေ ။ ။ ကိုအောင်စိုးကြီးကို နွား။

ကြည်စိုးထွန်း ။ ။ ဟာ - ဟုတ်တာပေါ့။

ဒေါ်ခင်ယုမေ ။ ။ နွားအုပ်နွားက  ရွာနာတယ်လေ။ ပထမတော့ မသိခင် အဲဒီရွာက နွားတွေငှားတာပေါ့။ နောက်တော့ နွားတွေမရတော့ ရုပ်ရှင်လေ တစ်ခေါက်တည်းနဲ့ ဘယ်ပြီးမလဲ။ 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ နွားတွေသိမ်းရတယ်။

ကြည်စိုးထွန်း ။ ။ ဒါပေါ့။

ဒေါ်ခင်ယုမေ ။ ။ နောက်တစ်ခါပြန်မောင်း။ သူတို့နွားတွေ ပင်ပန်းတယ်တဲ့ မပေးတော့ဘူး။ အဲဒီတော့ ဒီရွာကသိသွားရင် နောက်တစ်ရွာ တွင်းကြီးတူး။ တွင်းကြီးထဲမှာ ကင်မရာကိုထည့်။

ကြည်စိုးထွန်း ။ ။ ဪ - ဟုတ်ပြီ။

ဒေါ်ခင်ယုမေ ။ ။ ကင်မရာမန်းက   တွင်းထဲမှာ  ပက်လက်လှန်ရတယ်။ နွားတွေက ခွာတွေနဲ့ ကင်မရာအပေါ်ကို ဖြတ်သွားတာတွေ ဘာတွေ။

ကြည်စိုးထွန်း ။ ။ ကောင်းတယ်၊ ကောင်းတယ်။

ဒေါ်ခင်ယုမေ ။ ။ ပန်းချီအောင်စိုးကြီးတို့လေ၊   နွားနင်းတာလေ။  အဲဒီ ကင်မရာတွေ ဘယ်လောက်ခက်လဲ ကြည့်ရတာတော့ အရသာရှိတာပေါ့နော်။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့၊ ဟုတ်ပါ့။

ဒေါ်ခင်ယုမေ ။ ။ ဒါပေမယ့် ပင်ပန်းတာပေါ့နော်။

ကြည်စိုးထွန်း ။ ။ မှန်တာပေါ့ အစ်မရယ် ။

ဒေါ်ခင်ယုမေ ။ ။  ကင်မရာမန်း  မစားသာဘူး။  ဒါပေမယ့် သူနဲ့ပဲလိုက်ချင် တယ်။ ပညာရတာကိုး ။

ကြည်စိုးထွန်း ။ ။ ဒါပေါ့၊ ဒါပေါ့။

ဒေါ်ခင်ယုမေ ။ ။ မလိုက်ရမှာစိုးလို့။ အရင်ကတော့ သိတယ်မဟုတ်လား။ တစ်ခါ ဦးထွန်းရီဆီခေါ်သွားပြီး ကိုကျော်ဆွေ ငှားရင်တော့မဖြစ်ဘူး။ သုံးလလောက်က အနည်းလေး ကြာတယ်လေ။ ဒီလိုမျိုး တစ်ပတ်တို့၊ ဘာတို့ ပြီးမှာ မဟုတ်ဘူး။ ဟိုတုန်းက သူက သုံးလလောက်ကို ကြာတယ်၊ သုံးလလောက်။

ကြည်စိုးထွန်း ။ ။ အေးအေးဆေးဆေးပဲ။

ဒေါ်ခင်ယုမေ ။ ။ အိပ်စား ကျွေးမွေးပြီး အဲဒီလို သူကလည်း ဒီနေဝင်တာ မြက်ကလေးတွေက အမွေးလေးတွေနဲ့ မြက်ကလေးတွေ နေဝင်တဲ့ Scene လေးကို  သွားရိုက်တယ်။  အဲဒါ  နေမဝင်သေးဘူး။  တခြားရိုက်စရာ မရှိဘူး အဲဒီနေ့က  သူလိုချင်တဲ့  နေအနေအထားကို မရောက်သေးရင် ကင်မရာပါ ရယ်ဒီပြင်ထိုင်စောင့်။

ကြည်စိုးထွန်း ။ ။ ဪ - ထိုင်စောင့်တာ။ အင်းအင်း။

ဒေါ်ခင်ယုမေ ။ ။ အခုဘယ်မှာ   ထိုင်စောင့်နိုင်မလဲ   စရိတ်ကကြီးလို့ ဟုတ်တယ်မှတ်လား။

ကြည်စိုးထွန်း ။ ။ အချိန် အချိန်မရတာ ။

ဒေါ်ခင်ယုမေ ။ ။ စရိတ်ကကြီးတော့။

ကြည်စိုးထွန်း ။ ။ အရင်ကလည်း သူ့စရိတ်နဲ့သူက ကြီးတာပါပဲ အစ်မရယ်။

ဒေါ်ခင်ယုမေ ။ ။ အမ်း -  သူ့စရိတ်နဲ့သူတော့ ဟုတ်တာပေါ့။

ကြည်စိုးထွန်း ။ ။ ဒါပေမယ့်လို့ ရိုက်တဲ့လူလည်း ရှိတာပဲ။

ဒေါ်ခင်ယုမေ ။ ။ အခု သရုပ်ဆောင်ခဆို တချို့ပြောတယ် သိန်းတစ်ရာ တောင်ရတယ်။ ငါတို့များ သောင်းငါးထောင်၊ နှစ်သောင်း။ ဒီမန္တလေးရုပ်ရှင်က သေရော ကြေရော အပျံစား ပေးလိုက်တာမှ သုံးသောင်းပေးတာ။

ကြည်စိုးထွန်း ။ ။ အစ်မ အဲဒီလိုမပြောနဲ့လေ။ အစ်မရဲ့တစ်သောင်းခွဲက ကားနှစ်စီးတောင် ဝယ်လို့ရတယ်။

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်လေ။

ကြည်စိုးထွန်း ။ ။ အခု သိန်းတစ်ရာက ဂျစ်ကားအစုတ်တစ်စီးပဲရမယ်။

ဒေါ်ခင်ယုမေ ။ ။ အပျံစားကားတစ်စီးမှ ဘယ်လောက်လဲ သုံးသောင်း၊ လေးသောင်းပဲ။

ကြည်စိုးထွန်း ။ ။ ဒါပေါ့၊ မတူဘူးလေ။

ဒေါ်ခင်ယုမေ ။ ။ ဘောက်စ်ဝက်ဂွန်ဆို ဘယ်လောက်လဲ ဘယ်နှစ်ထောင် လေးလဲမသိဘူး။ လိပ်ခုံးလေးလေ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ခုနစ်ထောင် ရှစ်ထောင်တော့ ရှိမှာပေါ့။

ဒေါ်ခင်ယုမေ ။ ။ ရွှေလည်း ကြည့်ဦးလေ။ ရွှေက တစ်ကျပ်သားမှ တစ်ရာ့ ငါးဆယ်တို့၊ ဘာတို့။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ဒီခေတ်က မင်းသားမင်းသမီးက နည်းတောင် နည်းနေသေးတယ်၊ ပိုတောင်းရမှာပေါ့။

ဒေါ်ခင်ယုမေ ။ ။ ပိုတောင်းရမယ်  ဟုတ်တယ်။  ဒါပေမယ့်  ကိုယ်က အဲဒီခေတ်လည်း   မမီတော့ဘူးလေ။  ကိုယ်က   ဈေးကြီးစားနေရတော့  ကြက်ဟင်းခါးသီးတစ်လုံး ခုနစ်ဆယ်လောက် ပေးစားနေရတော့၊ အဲဒီတော့ မနည်းချွေတာပြီး စားနေရတယ်။

ကြည်စိုးထွန်း ။ ။ ခြောက်ဆယ့်တစ်ကနေ ခုနစ်ဆယ်အထိ အစ်မရိုက်တာ ‘စောရမင်းသား’ ပါတယ်၊ ‘ပုလဲမျက်ရည်’ ပါတယ်၊ ‘မချူသာသည်’၊ ‘ပုံပမာ’၊ ‘မိုး’ နော်။ နောက် ‘လက်ဦးဆရာ’ ဦးတင်မောင်ရိုက်တာ။

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ် ။

ကြည်စိုးထွန်း ။ ။ ဦးတင်မောင်ကတော့   သေချာတင်တယ်။   တင်တဲ့ လူတွေ တွေ့ဖူးတယ်။ နောက် ‘ပြုံး၍မုန်းသည်’ အောင်မင်္ဂလာနော် ။

ဒေါ်ခင်ယုမေ ။ ။ ဦးခင်မောင်ညွန့်လေ။

ကြည်စိုးထွန်း ။ ။ ဦးခင်မောင်ညွန့်တို့ဆီကနော် နောက် ‘သည်မေတ္တာ လှိုင်း’။

ဒေါ်ခင်ယုမေ ။ ။ ‘သည်မေတ္တာလှိုင်း’။

ကြည်စိုးထွန်း ။ ။ အဲဒါ မိုးရုပ်ရှင်က ဖြစ်သွားပြီနော်။

ဒေါ်ခင်ယုမေ ။ ။ မိုးရုပ်ရှင်က။

ကြည်စိုးထွန်း ။ ။ နောက် ‘တင်မောင်ဆွေနှင့်မိုးစန္ဒာ’၊  အဲဒါ  အပြင်ကုမ္ပဏီ မှာ အစ်မရဲ့။

ဒေါ်ခင်ယုမေ ။ ။ ‘တင်မောင်ဆွေနှင့်မိုးစန္ဒာ’ က ဘယ်ကုမ္ပဏီကပါလိမ့်။

ကြည်စိုးထွန်း ။ ။ ပိုင်ရှင်က ပုပု။

ဒေါ်ခင်ယုမေ ။ ။ လက်ဦးဆရာရိုက်တဲ့ ကုမ္ပဏီ ပျဉ်းမနားကလေ။

ကြည်စိုးထွန်း ။ ။ ဪ - ဟုတ်ကဲ့၊ ဟုတ်ကဲ့။

ဒေါ်ခင်ယုမေ ။ ။ ဦးဘဝင်းလေ။

ကြည်စိုးထွန်း ။ ။ ဪ - ဦးဘဝင်း၊ ဒါရိုက်တာနာမည်တောင်ခံလိုက်သေးတယ်နော် သူက။

ဒေါ်ခင်ယုမေ ။ ။ ဘာကုမ္ပဏီဆိုလဲ မသိပါဘူး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ နောက် ‘တောင်ခိုးဝေရဲ့မြူတွေဆိုင်း’။

ဒေါ်ခင်ယုမေ ။ ။ တောင်ခိုးဝေကတော့ ရွှေဟင်္သာကလေ။

ကြည်စိုးထွန်း ။ ။ ကောင်းတယ်နော်အစ်မ။   ရွှေဟင်္သာကလည်း  ကား ကောင်းတွေရိုက်တာပဲ။

ဒေါ်ခင်ယုမေ ။ ။ ရွှေဟင်္သာက အဲဒီတောင်ခိုးဝေလည်း ရိုက်ပြီး၊ မြင်းတွေ လည်းမောပြီး သေကုန်ရော။ တောင်ပေါ်တက်ရတာလေ။

ကြည်စိုးထွန်း ။ ။ မြင်းတွေ။

ဒေါ်ခင်ယုမေ ။ ။ မြင်းနဲ့တောင်ပေါ်လေ၊ တောင်ပေါ်တက်ရတာ။ အစ်မတို့ တက်တာဆို ဂျစ်ကားနဲ့ မတက်ရဲဘူးလေ။ မတော် ဂီယာပြုတ်ပြီး ကျသွား ဘယ့်နှယ့်လုပ်မလဲ။

ကြည်စိုးထွန်း ။ ။ ဒါပေါ့။

ဒေါ်ခင်ယုမေ ။ ။ မြင်းနဲ့ အပေါ်ကို တက်ရတာ။ အဲဒီမှာအိပ်၊ အဲဒီမှာစား ဘာမှလည်း  မရဘူး။  အဲဒီက  တောင်ပေါ်က  တိုင်းရင်းသားတွေကလည်း နွားနို့ဆိုလည်း ဟင့်အင်း မရောင်းဘူး၊ နွားသူငယ်လေးတွေလည်း မစားရဘူး။ နွားနို့လည်း ဝယ်မရဘူး၊ အဲဒီကြက်ဥသွားဝယ်လည်း ကြက်သူငယ်လေးတွေ သေကုန်မှာ မရောင်းဘူး။ အဲဒီတော့ ဘာမှဝယ်လို့မရဘူး။ အဲဒါဈေးနေ့။ ကလောဈေးနေ့ဆို တောင်အောက် တစ်ခါပြန်ဆင်း။ အဲဒီတုန်းက ဦးဝမ်ချူး ကြီးလေ။

ကြည်စိုးထွန်း ။ ။ ဪ - ဦးဝမ်ချူးကြီး

ဒေါ်ခင်ယုမေ ။ ။ ဦးဝမ်ချူးကြီးက သရုပ်ဆောင်မဖြစ်သေးဘူး။

ကြည်စိုးထွန်း ။ ။ ဪ - ဪ။

ဒေါ်ခင်ယုမေ ။ ။ သူကအဲဒီလိုပေါ့။   ဂျွန်ဝိန်းကြီးလို  ဦးထုပ်အပျော့နဲ့ ဘောင်းဘီနဲ့။ ဦးလေး ဦးလေးကလေ ဂျွန်ဝိန်းကြီးနဲ့တူတယ်။ ဦးလေး ရုပ်ရှင် ဝင်ရိုက်၊  ရိုက်ပါလို့  မြှောက်ပေးတာ၊ အစ်မကမြှောက်ပေးတာ၊ ဦးဝမ်ချူးနဲ့ ခင်တာကိုး။ အဲဒီလို မြှောက်ပေးရင်း မြှောက်ပေးရင်းနဲ့ ထည့်ရိုက်ရင်း ရုပ်ရှင်ထဲ သူတို့က ဦးဝမ်ချူး၊ ဦးဝမ်ချူးဖြစ်တာကတော့။

ကြည်စိုးထွန်း ။ ။ ကိုလှမျိုးကားမှာ ဗန်တို။

ဒေါ်ခင်ယုမေ ။ ။ အင်း - ဗန်တိုမှာပေါ့။

ကြည်စိုးထွန်း ။ ။ ‘ဗန်တိုလူလေး’ မှတ်မိတယ်။

ဒေါ်ခင်ယုမေ ။ ။ ဗန်တိုမှာပေါ့  ဦးဝမ်ချူးဖြစ်တာ။

ကြည်စိုးထွန်း ။ ။ စလိုက်တာတော့ ဦးကျော်ဆွေ နောက် စလိုက်၊ အစ်မတို့ နောက် စလိုက်တာ။

ဒေါ်ခင်ယုမေ ။ ။ အစ်မတို့ဆီက   ဘယ်သူနာမည်ကြီးလဲ    ကြီးပြီဆို နောက်နေ့ကျ ပိုက်ဆံပိုပေးပြီး သူများတပည့်တွေ လုပ်တာလေ။ သဘော ပေါက်တယ်မို့လား။ ဒါတွေက ပြောလို့ မကောင်းဘူး။

ကြည်စိုးထွန်း ။ ။ နောက်တစ်ခါကျ ‘တခြားကမ္ဘာကချစ်သူ’

ကြည်စိုးထွန်း ။ ။ ‘မာန်လျှော့လေဦး စောခက်ငယ်’၊  ‘မြွေမြွေချင်း ခြေမြင်’ တော်တော်ကြီး သွားပြီနော်အစ်မ။                     (ဆက်လက်ဖော်ပြပါမည်)