မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲတွင် ၃၄ သင်းစီ ယှဉ်ပြိုင်မည်

ရန်ကုန် ၂၃ အောက်တိုဘာ

 

မြန်မာလူငယ် အမျိုးသမီးဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲတွင် အသင်းပေါင်း ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုစလုံး၏ ပထမအဆင့်ခြေစစ်ပွဲအုပ်စုများကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများအား ရွေးချယ်ရာတွင် ပြိုင်ပွဲဝင်နိုင်ငံများကိုပါ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် သြစတြေး လျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ တရုတ်တိုင်ပေ၊ မြောက်ကိုရီးယား၊ ဂူအမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ မလေးရှား၊ မော်လ် ဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ မြောက်မာရီယာနာကျွန်းစု၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တာဂျစ် ကစ္စတန်၊ ထိုင်း၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်၊ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ တရုတ်တိုင်ပေ၊ မြောက်ကိုရီးယား၊  ဂူအမ်၊ ဟောင်ကောင်၊ မလေးရှား၊ မော်လ် ဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ မြောက်မာရီယာနာကျွန်းစု၊ ပါကစ္စတန်၊ အိန္ဒိယ၊ အင်ဒို နီးရှား၊ အီရတ်၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဆီးရီးယား၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

အာရှဖလား ယူ-၂၀ ခြေစစ်ပွဲကို မြန်မာ၊ သြစတြေးလျ၊ တရုတ်၊ တရုတ်တိုင်ပေ၊ လာအို၊ မွန်ဂိုလီးယား၊ စင်ကာပူနှင့် တာဂျစ်ကစ္စတန်၊ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို မြန်မာ၊ သြ စတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့က ကျင်းပခွင့်ရရှိထားပြီး အာရှဖလား ယူ-၂၀ ခြေ စစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို မတ် ၁၃ ရက် မှ ၂၁ ရက်၊ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲနှစ်ခုစလုံး၏ ပထမအဆင့်ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး ကျင်းပမည့်နေရာကို ထပ်မံအတည်ပြုမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်