ဘာစီလိုနာကို ရင်ဆိုင်မည့် ရီးယဲလ်မက်ဒရစ်အသင်းတွင် ရာမို့စ်နှင့် ဘန်ဇီးမားတို့ ပါဝင်လာ

mdn

၂၄ အောက်တိုဘာ

 

ယနေ့ ညပိုင်းမှာ ယှဉ်ပြိုင်မယ့် ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာ ရီးယဲလ်အသင်းက ဟာဇက်၊ အိုဒီဂတ်တို့ပါဝင်လာခြင်းမရှိပေမယ့်  အစောပိုင်းက ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြဿနာကြောင့်    အသင်းမှာ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ နာမည်ထွက်နေတဲ့ အသင်းခေါင်းဆောင် ရာမို့စ် ပါဝင်လာတာကို တွေ့ရပါတယ်။

 

 ဇီဒန်းဟာ အယ်လ်ဂလက်စီကိုပွဲအတွက် ၄-၄-၂ ကစားကွက်ကို ခင်းကျင်းဖို့ ရှိနေပြီး နောက်တန်းမှာ နာချို၊ ဗာရန်း၊ ရာမို့စ်၊ မန်ဒီ၊ အလယ်တန်းမှာ ကတ်စ်မဲရိုး၊ တိုနီခရူးစ်၊ လူကာမိုဒရစ်၊  ဗယ်ဗာဒီ၊ တိုက်စစ်မှာတော့  ဗင်ဆီးယတ်စ်နဲ့ ကာရင်ဘန်းဇီးမားတို့ ပွဲထွက်လာဖို့ရှိနေပါတယ်။ ရီးယဲလ်အသင်းဟာ အယ်လ်ဂလက်စီကို ပွဲမတိုင်မှာ ကစားခဲ့တဲ့ နှစ်ပွဲမှာ အရေးနိမ့်ခဲ့သလို  ဘာစီလိုနာကို အဝေးကွင်းမှာ   သွားရောက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

 

မေလဲ့သင်း