အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်ရက်ဆက်တိုက် မြင့်တက်လျက်ရှိ

၂၆ အောက်တိုဘာ

 

 

အမေရိကန်ပြည်ထောင်စု၌ တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀၀၀၀ အထိ နှစ်ရက်ဆက်တိုက် ရှိလာခဲ့သည်။

 

 

ဆေးရုံတွင် ကုသမှု ခံယူလျက်ရှိသူ ၄၀၀၀၀ ကျော်လွန်သွားခဲ့သည်။

 

 

တနင်္ဂနွေနေ့ အတွင်းက ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာအသစ် ၈၃၀၀၀ ခန့်ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြောကြားခဲ့သည်။

 

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

 

 

အမေရိကန်ပြည်ထောင်စု ပြည်နယ်များဖြစ်သည့် အနောက်အလယ်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များတွင် ကူးစက်မှု မြင့်တက်လျက်ရှိသည်။

 

 

ဝီကွန်ဆင်ပြည်နယ်ရှိ ဆေးရုံများ၌ ၁၈ ရာခိုင်နှုန်းခန့်သာ ကုတင်များကျန်တော့ကြောင်း ပြည်နယ် ကျန်းမာရေး အရာရှိများက ပြောကြားခဲ့သည်။

 

 

အချို့ဒေသများရှိ လူနာများကို သင့်လျော်သည့် ဆေးကုသမှုများ ပေးနိုင်မည် မဟုတ်ဟု စိုးရိမ်မှုများလည်း ရှိနေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအမံများက အရေးကြီးကြောင်း နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေး သတ်မှတ်ရမည့် အချိန်ဖြစ်ကြောင်း ထိပ်တန်းကူးစက်ရောဂါ ကျွမ်းကျင်သူ အန်ထော်နီဖော်စီက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်