၂၆ အောက်တိုဘာ
ပြင်သစ်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၂,၀၁၀ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားရာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ပထမဦးဆုံး အကြိမ် လူ ၅၀,၀၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။ စနေနေ့ရဲ့ ထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာ ၄၅,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်ကျန်းမာရေးဌာန (SPF) ရဲ့ တာဝန်ရှိသူ အပြောအရ ၂၄ နာရီအတွင်း ၁၁၆ ဦး သေဆုံးရာ သေဆုံးသူ စုစုပေါင်း ၃၄,၇၆၁ ဦးရှိကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း တစ်သန်းကျော်သွားတဲ့ ဉရောပနိုင်ငံတွေထဲက စပိန်နိုင်ငံပြီးရင် ပြင်သစ်နိုင်ငံဟာ ဒုတိယနိုင်ငံ ဖြစ်လာပါတယ်။ စက်တင်ဘာ လဆန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄.၅ ရာခိုင်းနှုန်း ရှိရာမှ လက်ရှိအချိန်မှာ ၁၇ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရပါတယ်။
လူဦးရေ ၄၆ သန်းနီးပါး နေထိုင်တဲ့ ပြင်သစ်နိုင်ငံမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ နေရာတိုးပြီး ထုတ်ပြန်ထားကြောင်း သိရပါတယ်။
သမ္မတ မာခရွန်က ပြီးခဲ့ နွေဦးက နှစ်လတိတိ အသွားအလာ ကန့်သတ် (lockdown) ခဲ့တာမျိုး နိုင်ငံကို အသွားအလာ ကန့်သတ် ဖို့ဆိုတာ စောသေးကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။
MDN
ကိုးကား - AFP