ကျွန်းစုမြို့တွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်းအား အသစ်ပြန်လည်ပြုပြင်မှု အခြေအနေ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျွန်းစု   ၂၂  နိုဝင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်းအား မြိတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေကျပ် (၃၃.၆) သန်းဖြင့် လမ်းအသစ်ပြန်လည် ပြုပြင်မည်ဖြစ်ရာ အဆိုပါလမ်းပြီးစီးမှု အခြေအနေကို ယနေ့ နံနက်(၉)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စစ်ဆေးရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြိတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်နှင့် တာဝန်ရှိသူများက စခန်းသစ်ကျေးရွာတွင်  သဘာဝ ဘေးကြောင့် ပျက်စီးသွားသော ကမ်းနားလမ်းအား ကျောက်စီရေကာတာတန်း (၄၂၅)ပေ၊ ကွန်ကရစ်လမ်း(၄၂၅)ပေအား အသစ် ပြန်လည်ပြုပြင်မှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ကျေးရွာတာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)