နိုင်ငံရပ်ခြားရှိ အင်ဒိုနီးရှား နိုင်ငံသား ၂၉၂၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

၂၁ ဇန်နဝါရီ

 

 

နိုင်ငံရပ်ခြားရှိ အင်ဒိုနီရှား နိုင်ငံသား ၈၈ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသဖြင့် ရောဂါ ကူးစက်ခံရသူပေါင်း ၂၉၂၃ ဦးရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ယနေ့ ပြောကြားချက်အရ သိရသည်။

 

 

ရောဂါ ထပ်မံကူးစက်ခံရသည့် အင်ဒိုနီးရှား နိုင်ငံသား ၈၈ ဦးမှာ တူရကီနိုင်ငံတွင် ၆၁ ဦး၊ ဘာရိန်းနိုင်ငံတွင် ၁၄ ဦး၊ ယူအေအီးနိုင်ငံတွင် ရှစ်ဦး၊ အဇာဘိုင်ဂျန်တွင် လေးဦးနှင့် ချက်သမ္မတနိုင်ငံတွင် တစ်ဦးတို့ ဖြစ်သည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရမှုမှ ထပ်မံကျန်းမာရေး ကောင်းမွန်လာသူဦးရေ ၆၀ ရှိရာ ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၂၀၄၉ ဦး ရှိလာသည်။

 

 

နိုင်ငံပြင်ပတွင် ဆေးကုသမှု ခံယူနေသည့် အင်ဒိုနီးရှား နိုင်ငံသား ၇၀၄ ဦး ရှိသည်။

 

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့သော နိုင်ငံရပ်ခြားရှိ အင်ဒိုနီးရှား နိုင်ငံသားဦးရေ စုစုပေါင်း  ၁၇၀ ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို