၂၂ ဇန်နဝါရီ
ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများ ပျံ့နှံ့နေသော်လည်း နယ်စပ်ဂိတ်များကို ဆက်လက်ဖွင့်ထားရန် ဉရောပ သမဂ္ဂခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
ယမန့်နေ့က ဉရောပ ခေါင်းဆောင်များသည် ဗွီဒီယိုကွန်ဖရင့်ဖြင့် ထိပ်သီး အစည်းအဝေး တစ်ခု ကျင်းပခဲ့ကြသည်။
ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်၊ ဆေးဖက်ဆိုင်ရာ လုပ်သားများ သွားလာနိုင်ရန်နှင့် ဈေးကွက်လည်ပတ်မှု ရှိစေရန်အတွက် နယ်စပ်ဂိတ်ကို မပိတ်ပစ်ရန် ၎င်းတို့က သဘောတူညီခဲ့ကြသည်။
နယ်စပ်ဂိတ်များမှ ဗိုင်းရပ်စ်မျိုးကွဲ ပျံ့နှံ့နိုင်သဖြင့် ကူးစက်မှုကို ကာကွယ်ရန်အတွက် မလိုအပ်ပဲ ခရီးသွားခြင်းများကို ကန့်သတ်ရန် ဉရောပ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်က ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ်အတွင်း အီးယူနိုင်ငံများသည် အခြားအဖွဲ့ဝင် နိုင်ငံများနှင့် မူဝါဒညှိနှိုင်းခြင်း မရှိပဲ နယ်စပ်ဂိတ်များကို ပိတ်ပစ်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
နယ်စပ်ဖြတ်ကျော် ခရီးသွားရာတွင် အာမခံချက် ရှိရန်အတွက် ကာကွယ်ဆေး ထိုးထားသည့် အထောက်အထားများ ထုတ်ပေးရန် အဆိုပြုချက်ကို အီးယူအဖွဲ့ဝင် ခေါင်းဆောင်များက ဆွေးနွေးလျက် ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်