စက်တင်ဘာ ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ၅ ဒသမ ၉၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ခြောက်လကျော်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်လာကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၆၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၅၁ ဦး သေဆုံးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၃၈၂၀၃ ဦးရှိပြီး သေဆုံးသူပေါင်း ၂၇၁၀၉ ဦးရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ထပ်မံကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၃၅၄၉ ဦး အပါအဝင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၄၉၄၀၉၀ ရှိသည်ဟု သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁ ဒသမ ၇၆ ရာခိုင်နှုန်းရှိပြီး လက်ရှိကျန်းမာရေးပြန်လည်ကောင်းမွန်မှုနှုန်း ၉၇ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို