ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ  ၄၆၈၀ ရှိပြီး ကာကွယ်ဆေးများလည်း ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ  ၄၆၈၀  ရှိပြီး သတ်မှတ်ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် မြို့နယ်အတွင်းရှိ စုရပ် (၆) နေရာလုံး၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကျင်းကျေးရွာအုပ်စု၊  ငါးရန့်ချောင်းကျေးရွာ  အခြေခံပညာမူလတန်းကျောင်းခန်းမအတွင်း၌ ထိုးနှံပေးလျက်ရှိကြောင်း ဆေးထိုးလာရောက်သူများ အဆင်ပြေစေရေးအတွက် မြို့နယ်ဆေးထိုးကြီးကြပ်အဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

ဆင်ပေါင်ဝဲမြို့တွင် လက်ရှိကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း သိသာစွာလျော့ကျခဲ့ပြီး ယခုလည်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၁၉ ) ကျောင်းမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ ပေါင်း(၃၇၉၁)ဦးကို စုရပ်(၃၄)ခုဖြင့် ဆေးများရောက်ရှိပြီးနောက်နေ့တွင် စတင်ကာ ဆေးထိုးနှံပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ဆင်ပေါင်ဝဲ (ပြန်/ဆက်)