မြိတ် အောက်တိုဘာ ၁၈
ကျောင်းသား ကျောင်းသူများအား နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေး Sinovac ကို နိုင်ငံတစ်ဝန်း ထိုးနှံပေးလျက်ရှိရာ မြိတ်မြို့နယ်ရှိ ကျောင်းသား/သူများအား ယနေ့တွင် ဆေးထိုး စုရပ်ကျောင်း (၄)ကျောင်း၌ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်ရောဂါကာကွယ်ဆေးကို ယမန်နေ့က ဆေးထိုးစုရပ်အထကကျောင်း (၄)ကျောင်းတွင် ကျောင်း(၁၄) ကျောင်းမှ ကျောင်းသား/သူ(၁၁၈၃)ဦးအား စတင်ထိုးနှံ ပေးခဲ့ပြီးဖြစ်ကာ ယနေ့တွင် အထက(၆)၊ အထက(၇)၊ အထက(၈)၊ အထက(၉)ကျောင်းများတွင် ကျောင်း(၁၁)ကျောင်းမှ ကျောင်းသား/သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ မြိတ်မြို့နယ်၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းစာသင်ကျောင်း (၇၈)ကျောင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ(၈၃၁၁)ဦးအား ဆေးထိုးစုရပ် ကျောင်း(၂၄)ကျောင်းတွင် ဆေးထိုးအဖွဲ့ (၈)ဖွဲ့ဖြင့် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)