နေပြည်တော် နိုင်ဝင်ဘာ ၁၇
“မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်”တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၈)ကို နိုဝင်ဘာ ၁၉ ရက် ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့် ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်ကို “Golden Star Music Band တေးဂီတအဖွဲ့” ၏ တီးခတ်မှုနှင့် အတူ တေးသံရှင်များဖြစ်ကြသည့် မင်းခန့်ကျော်၊ ဒုံချပ်၊ သွန်းရွှေလျှံ၊ ထက်အာကာကျော်၊ လင်းဝတီသင်း၊ ရဲရင့်ဝေလွင်၊ ခင်လပြည့်ဝန်း၊ မေထူးကျော်၊ ဧကရီအောင်၊ ထက်ရတီလွင် တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ (၂၁)ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)