မိုင်းခုတ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်

မိုင်းခုတ် ဒီဇင်ဘာ ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား  ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုများပြားလာခြင်းကြောင့် ဇူလိုင် ၉ ရက်တွင် ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာခြင်းကြောင့် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ပြန်လည်ဖွင့်လှစ်ကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ထို့သို့ စတင်ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ပညာသင်ကြားရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းဝင်းအတွင်း မဝင်ခင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျောင်းဝင်းအတွင်း ဝင်ရောက်စေခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးကာ မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျလက်ဆေးစေခြင်းနှင့် စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ကာ ပညာသင်ကြားစေခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မိုင်းခုတ်မြို့တွင် မူလတန်းကျောင်း(ခွဲ) (၆)ကျောင်း၊ မူလတန်းကျောင်း (၂၀)ကျောင်း၊ မူလတန်း (လွန်)ကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်းရှိပြီး အဆိုပါကျောင်းများအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်ပညာသင်ကြားပေးလျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)