သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၄၄၁၃၄ ဦး ထိုးနှံပြီးစီး

သရက်   ဇန်နဝါရီ   ၁၄

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော် ဘုရားဝင်း ဓမ္မာရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများအား သရက်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေး ၁၀၀၈၈ လုံး ရရှိခဲ့၍ သတ်မှတ် စုရပ်များတွင် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်အထိ လာရောက်ထိုးနှံသူ ၄၄၁၃၄ ဦးအား ဆေးထိုးနှံပြီးစီးခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။


ဇော်ဝမ်းထွန်း(အောင်လံ)