ဇန်နဝါရီ ၂၀
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၇၂ ဦးထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၃၃၈၉၉၃ ဦးရှိပြီး ရှစ်ဦးထပ်မံသေဆုံးကာ သေဆုံးသူပေါင်း ၂၉၀၃၇ ဦးအထိ မြင့်တက်လာသည်။
နိုင်ငံတောင်ပိုင်း ဆင်းရှ်ပြည်နယ်သည် ကိုဗစ်ရောဂါကူးစက်မှု အဆိုးရွားဆုံးဒေသဖြစ်သည်။ ထိုပြည်နယ်တွင် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၅၀၉၃၀၈ ဦးရှိသည်။
တစ်ရက်အတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၆၂၈ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူပေါင်း ၁၂၆၅၂၃၉ ဦးရှိလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို