မိုးမိတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံမှု ရှိစေရေးနှင့် အခြင်အတွယ် မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်ဆိုင်များတွင် မီးငြှိမ်းသတ်ရေး ကိရိယာများ ပြည့်စုံမှု ရှိ/မရှိ၊ အနီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် မီးလောင်လွယ်သောအရာများ မရှိစေရေးနှင့် နေ့စဉ် ရေဖျန်းခြင်း၊ သန့်ရှင်း သပ်ရပ်စွာ ထားရှိခြင်း ရှိ/မရှိ၊ စက်သုံးဆီ အခြင်အတွယ်နှင့် ဈေးနှုန်းမှန်ကန်မှု ရှိစေရေးတို့ကို လိုက်လံစစ်ဆေး ခဲ့သည့်အပြင် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(ပြန်/ဆက်)