မေ ၁၃
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၇၀၄၇၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ငါးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၃၄၀၅ ဦး သည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၆၀၂ ဦး အထိရှိလာသည်။
နိုင်ငံအတွင်း ထိုရောဂါကူးစက်မှုဖြစ်ပွားသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၀၈၀၄၃ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၆၈၂၆ ဦး ရှိပြီး ၅၁ ဦးသည် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၃ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပေးခဲ့ကြောင်း၊ ၈၂ ဒသမ ၃ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပေးခဲ့ကြောင်းနှင့် ၄၉ ဒသမ ၂ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေး အပိုးဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို