ရန်ကုန် ဩဂုတ် ၁၇
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ယနေ့ မွန်လွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင် မြောက်ဘက်မုခ်ရှိ ဦးဘိုးသောင်း တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမင်းလွင်က သင်တန်းပြီးမြောက်အောင်မြင်မှု အထိမ်းအမှတ်စကား ပြောကြားပြီး သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြ ဆရာကြီးနှင့် ဆရာမကြီးအား ဂါရဝပြုလက်ဆောင်နှင့် ဆုရသင်တန်းသားများအား ဆုချီးမြှင့်ပေး အပ်ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)