ဩဂုတ် ၁၈
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီကျောင်းတွင် ယမန်နေ့က ညနေပိုင်းဆုတောင်းပွဲပြုလုပ်နေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူသိများသောဘာသာရေးခေါင်းဆောင်တစ်ဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မီဒီယာတွင် ဖော်ပြထားသည်။
အဆိုပါပေါက်ကွဲမှုတွင် ကလေးသူငယ်များအပါအဝင်၂၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန်မြို့တော်ရှိဆေးရုံက ပြောကြားသည်။
ထိုပေါက်ကွဲမှုသည် အသေခံဖောက်ခွဲရေးသမားတစ်ဦး၏ဖောက်ခွဲမှုကြောင့်ဖြစ်ပွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများ က ဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်က ကဘူးလ်မြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ထင်ရှားသောဘာသာရေးဆရာတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။
အဆိုပါဗုံးဖောက်ခွဲတိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု အစ္စလာမ္မစ်နိုင်ငံတော်( အိုင်အက်စ် )တို့ကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို