ဘကြီးတော် စစ်ကိုင်းမင်း တည်ထားခဲ့သော မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရားအား ရွှေထီးတော် အသစ်တင်လှူပွဲကျင်းပ

မန္တလေး ၁၉ ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား အထက်ဌာပနာ ထည့်သွင်းပူဇော်ခြင်း၊ ပန်းလည်တိုင် စိုက်ထူခြင်း ရွှေထီးတော်အသစ် ဘုံ ၉ ဆင့် တင်လှူခြင်း အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

 

12


အဆိုပါ အခမ်းအနားတွင် သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကို၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင်၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

12


၁၃၇၇ ခုနှစ် ကဆုန်လဆုတ် ၆ ရက် သောကြာနေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပန်းလည်တိုင် သုံးပိုင်းကျိုးပြတ်၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်ဘုံလေးဆင့်တို့ မြေခ အပူဇော်ခံခဲ့ရပါသည်။

 

1


ယခုအခါတွင် အထက်ဌာပနာ ထည့်သွင်းပုဇော်ခြင်း၊ ပန်းလည်တိုင် စိုက်ထူခြင်း ရွှေထီးတော် အသစ် ဘုံ ၉ ဆင့် တင်လှူခြင်း မင်္ဂလာဆောင်ရွက်အောင်မြင် ပြီးစီးခဲ့ပြီ ဖြစ်ပါ၍ မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား၏ ရတနာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် အသစ်တို့ အထွဋ်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား ကျင်းပခြင်းဖြစ်သည်။

 

1


ကောဇာသက္ကရာဇ် ၁၁၈၁ တန်ခူးလဆန်း ၂ ရက်က မင်္ဂလာ ဝေယနိလဥယျာဉ်တော်တွင် ဘုရား ဒါယကာကြီး ဘကြီးတော် စစ်ကိုင်းမင်းက မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရားကို ပန္နက်ရိုက် စတင်တည်ထားတော်မူခဲ့သည်။ 


၁၁၈၅ ခုနှစ် တန်ပို့တွဲ လဆုတ် ၅ ရက် ကြာသပတေးနေ့တွင် ရွှေထီးတော်အထွဋ်ကို တင်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေက မဟာမင်္ဂလာ အနေကဇာတင် ပူဇော်ခဲ့သည်။


အိမို့မို့ခိုင်