ပုသိမ် ၂၇ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်ခန့် က စဉ်းအိုးဘိုလမ်းရှိ ဝင်းပုံနှိပ်တိုက် နောက်ဘက်ချောင်းထဲတွင် စပါးကြီးမြွေ တစ်ကောင်တွေ့ ရှိခဲ့သည်။
အဆိုပါစပါးကြီးမြွေသည် ဖက်ရှင်မတ်စတိုးဆိုင်နောက်ဘက်ရှိကြွက်တွင်းထဲသို့ ဝင်ခိုအောင်းရာ မြွေဖမ်းသူများက အုပ်နေသောသွပ်ပြားနဲ့ အမှိုက်များကို ခဲရာခဲဆစ် ဖယ်ရှား၍ တွင်းအတွင်းမှ ဆွဲထုတ် ဖမ်းဆီးနိုင်ခဲ့သည်။
မြွေဖမ်းသူများက သတ္တဝါတစ်ကောင်၏ အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်ခဲ့၍ ပီတိဖြစ်ရကြောင်း၊ စပါးကြီးမြွေကြီးအား မြို့နယ်သစ်တောဉီးစီးဌာနသို့ ပို့ဆောင်အပ်နှံခဲ့ကြောင်း၊ သစ်တောဉီးစီးဌာနအနေဖြင့် ထိုမြွေအားဘေးမဲ့တောသို့ ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တိုးဝေဇင်(တိုင်းပြန်ဆက်)