ကမ်းလွန်လုပ်ကွက်အမှတ် M-8 တွင် Geophysical Site Survey လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်

နေပြည်တော် ၈ နိုဝင်ဘာ 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော Berlanga Myanmar Pte.Ltd သည် ကမ်းလွန် လုပ်ကွက်အမှတ် M-8 တွင် Geophysical Site Survey လုပ်ငန်းများအား MV.PTSC RESEARCHER (Call Sign : 3WJZ) ဖြင့် WS.A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ် ၁၇ ဒသမ ၂၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၉ မိနစ် ၃၅ ဒသမ ၅၀ စက္ကန့်၊ WS.B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၉ မိနစ် ဝ၀ ဒသမ ၈၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၀ မိနစ် ၄၇ ဒသမ ဝ၆ စက္ကန့်၊ Point.A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၅၉ ဒသမ ၁၃ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၉ မိနစ် ၃၁ ဒသမ ၃၃ စက္ကန့်၊ Point.B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ် ၃၂ ဒသမ ၁၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၇ မိနစ် ၅၂ ဒသမ ဝ၇ စက္ကန့်၊ Point.C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၇ မိနစ် ၁၈ ဒသမ ၉၁ စက္ကန့် ၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒီဂရီ ၃၀ မိနစ် ၅၁ ဒသမ ၂၂ စက္ကန့်၊ Point.D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၈ မိနစ် ၄၅ ဒသမ ၈၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၂ မိနစ် ၃၀ ဒသမ ၄၇ စက္ကန့်၊ SR Site Survey Point.A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၅ မိနစ် ၄၁ ဒသမ ၇၉ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၇ မိနစ် ၂၇ ဒသမ ၁၃ စက္ကန့်၊ Point.B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၇ မိနစ် ၁၂ ဒသမ ၈၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၉ မိနစ် ဝ၂ ဒသမ ၄၁ စက္ကန့်၊ Point.C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၅ မိနစ် ၃၉ ဒသမ ၈၆ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ် ၃၅ ဒသမ ၇၀ စက္ကန့်၊ Point.D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၄ မိနစ် ဝ၈ ဒသမ ၈၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၉ မိနစ် ဝ၀ ဒသမ ၄၃ စက္ကန့်၊ Point.A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၅ မိနစ် ၄၁ ဒသမ ၇၉ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၇ မိနစ် ၂၇ ဒသမ ၁၃ စက္ကန့် တို့တွင် (၂၄.၁၁.၂၀၁၉) ရက်နေ့မှ (၁၇.၁၂.၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ (၂၄.၁၁.၂၀၁၉) ရက်နေ့မှ (၁၇.၁၂.၂၀၁၉) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက် နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ    ၅ မိုင် ပတ်လည်အတွင်း  ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာ ထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန် များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာ များ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။

(သတင်းစဉ်)