မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းပွဲများကစားရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန် ၈ နိုဝင်ဘာ

 

ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်နိုင်ငံတွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် နိုဝင်ဘာ ၈ ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ ထွက်ခွာသွားသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးဝင်းသူမိုး၊ နည်းပြချုပ်-ဦဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ ကစားသမားများအဖြစ်  ဂိုး-မေဇင်နွယ်၊ သန္တာဦး၊ မြဖူးငုံ၊ နောက်တန်း-အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ငယ်ငယ်ထွေး၊ ခိုင်သဇင်ဦး၊ ရီရီဦး၊ လဲ့လဲ့လှိုင်၊ မြတ်နိုးခင်၊ နုနု၊ ခင်မိုးဝေ၊ မေသူကျော်၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ လိုက်ပါသွားသည်။ 

 

မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ၌ သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး တရုတ်ကလပ်အသင်းနှင့် တစ်ပွဲ၊ တရုတ်လူငယ် လက်ရွေးစင်အသင်းနှင့် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ခြေစမ်းပွဲများအဖြစ် နိုဝင်ဘာ ၁၀ ရက်တွင် တရုတ် အမျိုးသမီးလိဂ် ချန်ပီယံ ကျန်းစုဆန်နင်းကလပ်အသင်း၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၄ ရက်တွင် တရုတ်လူငယ် လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ်အပြီးတွင် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် အပြီးသတ်ကစားသမားများကို ရွေးချယ်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေ လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ -MFF