နေပြည်တော် ၂၂ နိုဝင်ဘာ
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်ထိ ဆီဆိုင်မြို့နယ်၊ ဘန်းနောင်ကားကျေးရွာ၏ အနောက်ဘက်ရှိ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၄ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)