၁၂ ဒီဇင်ဘာ
ဗြိတိန်နိုင်ငံတဝန်းရှိ မဲရုံတွေဟာ ဒီကနေ့ မနက် ၇ နာရီဆို စတင်ဖွင့် ပေးမှာဖြစ်ပြီး ည ၁၀ နာရီမှာတော့ မဲရုံတွေပိတ်ပြီး မဲစတင်ရေတွက်မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘရက်ဇစ်ကို အဆုံးဖြတ်ပေးမှာ ဖြစ်တဲ့အတွက် အလွန်အရေးကြီးတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။
မဲရုံပေါင်း ၄၀ဝ၀ ကျော်ဟာ အင်္ဂလန်၊ စကော့တလန်၊ ဝေလ နဲ့ မြောက်အိုင်ယာလန်မှာ တည်ရှိနေပါတယ်။ ဗြိတိန်ပါလီမန်ရှိ မဲဆန္ဒနယ် ၆၅၀ အတွက် ရွေးချယ်ရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃,၃၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ယှဉ်ပြိုင်သူဟာ အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ပါတယ်။
မဲရုံပိတ် ပြီးပြီးခြင်း ဆန္ဒမဲတွေကို စတင်ရေတွက်မှာဖြစ်ရာ ပထမဦးဆုံးမဲရလဒ်ကို မဲရုံပိတ်ပြီး တစ်နာရီအတွင်းမှာ ကြေညာဖို့ ရှိနေပါတယ်။ အဲဒီနောက် သောကြာနေ့မှာ မဲရလဒ်တွေအစအဆုံး ကြေညာမှာဖြစ်ပါတယ်။
အသက်၁၈ နှစ်နဲ့ အထက်ရှိသူ ဗြိတိန်နိုင်ငံသား၊ ဓနသဟာရနိုင်ငံအတွင်းက မဲပေးခွင့်ရှိသူနဲ့ ရီပတ်ပလစ်အော့အိုင်ယာလန် အတွင်းရှိ မဲပေးဖို့ စာရင်းပေးပြီးသူ မဲပေးနိုင်မှာဖြစ်ပါတယ်။ မဲစာရင်းပေးခွင့်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က နောက်ဆုံးထားပြီး ကောက်ခံခဲ့ပါတယ်။
လေဘာပါတီခေါင်းဆောင် ဂျရမီကိုဘင်သာ အနိုင်ရခဲ့မယ်ဆိုရင် ၂၀၁၀ ခုနှစ်ကနေစပြီး ပထမဦးဆုံး လေဘာပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်သလို ၁၈၅၅ ခုနှစ်ကစပြီး ဗြိတိန်ရဲ့ အသက်ကြီးဆုံး ဝန်ကြီးချုပ်ဖြစ်မှာဖြစ်ပါတယ်။
MDN
ကိုးကား -AFP