The 3rd Joint Technical Committee on Coordination and Assignment of Frequencies Along Thailand-Myanmar Common Border Meeting (JTC-3) အစည်းအဝေးကျင်းပ

ပုဂံ ၁၄ ဇန်နဝါရီ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ထိုင်းနိုင်ငံ၏ National Broadcasting and Telecommunications Commission (NBTC) နှင့် ပူးပေါင်း၍ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် လှိုင်းနှုန်းအသုံးပြုခြင်း ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံကိုယ်စားလှယ်များပါဝင်သည့် နှစ်နိုင်ငံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Joint Technical Committee-JTC) ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး JTC အစည်းအဝေးများအား တစ်နှစ်လျှင်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် နှစ်နိုင်ငံမှ အလှည့်ကျ ကျင်းပပေးရလေ့ရှိရာ တတိယအကြိမ်မြောက် The 3rd Joint Technical Committee on Coordination and Assignment of Frequencies Along Thailand-Myanmar Common Border Meeting (JTC-3) အစည်းအဝေးကို   ယနေ့တွင် ပုဂံမြို့ The Bagan Umbra Hotel ၌ ကျင်းပရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ National Broadcasting and Telecommunications Commission, Spectrum Management Bureau, Executive Director ဖြစ်သူ Mr. Saneh Saiwong က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

JTC အစည်းအဝေးသည် နှစ်နိုင်ငံနယ်နမိတ်တွင် လှိုင်းနှုန်းအချင်းချင်းနှောင့်ယှက်မှုများ ဖြစ်ပေါ်ပါက စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများ နှစ်နိုင်ငံသက်ဆိုင်ရာပါ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး JTC အစည်းအဝေးတွင် အစီအစဉ် (Agenda) တစ်ရပ်အနေဖြင့်တင်ပြဆွေးနွေးကြသည်။

အစည်းအဝေးသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရုပ်သံထုတ်လွှင့်မှု ကဏ္ဍဆိုင်ရာမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ National Broadcasting and Telecommunications Commission (NBTC) မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၉၀ ခန့် တက်ရောက်လျက်ရှိသည်။

အဆိုပါ JTC အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်