မန္တလေး ၁၈ ဇန်နဝါရီ
နိုင်ငံတကာဆေးရုံကြီးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြပွဲဖွင့်ပွဲကို မန္တလေးမြို့၊ ၂၆လမ်း နှင့် ၇၁ လမ်းထောင့်ရှိ မြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး)ဉက္ကဋ္ဌ ဦးညွန့်ဇော်၊ Bumrungard Intertional မှ မြန်မာပြည်ကိုယ်စားလှယ် ဦးမိုရဲကျော်နှင့် Business Development & Public Relation မန်နေဂျာ ဦးခန့်ကျော်မိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။ ထို့နောက် တာဝန်ရှိသူများက ပြခန်းများအား လှည့်လည်ကြည့်ရူအားပေးခဲ့သည်။
အဆိုပါ ပြပွဲကို ပြခန်းပေါင်း(၇၀)ကျော်ဖြင့် ဇန်နဝါရီ ၁၈ ရက် မှ ၂၀ ရက်အထိ ကျင်းပသွာမည်ဖြစ်ပြီး ပြပွဲတွင် နိုင်ငံတကာဆေးရုံကြီးများမှ ကျန်းမာရေးဆိုင်ရာ အခမဲ့ဆွေးနွေးပွဲ၊ ကျန်းမာရေးဆိုင်ရာ အခမဲ့စစ်ဆေးခြင်းများ ပါဝင်ပြီး မည်သူမဆိုအခမဲ့လာရောက် လေ့လာနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)