ဆူဒန်တိရစ္ဆာန်ဥယျာဉ်ထဲက အာဟာရချို့တဲ့နေတဲ့ ခြင်္သေ့ငါးကောင်ထဲက တစ်ကောင်သေဆုံး

၂၂ ဇန်နဝါရီ

 

ဆူနိုင်ငံမြို့တော်ရှိ တိရစ္ဆာန်ဥယျာဉ်ထဲက အာဟာရချို့တဲ့နေတဲ့ ခြင်္သေ့ငါးကောင်ထဲက တစ်ကောင် သေဆုံးသွားပြီဖြစ်ပါတယ်။

 

တိရစ္ဆာန်ဥယျာဉ်ထဲက အရိုးပေါ်အရေတင်ခြင်္သေ့တွေကို မြင်တွေ့ခဲ့တဲ့ အိုစမာ စလီ ဆိုသူက ဒီခြင်္သေ့တွေကို စောင့်ရှောက်ရေးအတွက် ပြည်သူတွေနဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့တွေအား အကူအညီတောင်းခံတဲ့ စာကို  အိုစမာ စလီက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ #Sudananimalrescue စာဖြင့် လှုံဆော် နေစဉ်မှာဘဲ အခုလို တစ်ကောင်က သေဆုံးသွားတာ ဖြစ်ပါတယ်။

 

54

 

ဖျားနာနေတဲ့ ခြင်္သေ့မနှစ်ကောင်ထဲက တစ်ကောင်ဟာ တနင်္လာနေ့က ကွယ်လွန်ခဲ့ပေမယ့် တစ်ကောင်ကိုတော့ ကယ်ဆယ်လိုက်နိုင်တယ်လို့ မြို့တော် ကာတွန်းရှိ အယ်လ် ကွာရှီ တိရစ္ဆာန်ဥယျာဉ်ရဲ့ မန်နေဂျာက ပြောပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်းမှာ ခြင်္သေ့တွေရဲ့ အခြေအနေဆိုးလာကြောင်း တချို့ခြင်္သေ့တွေရဲ့ ကိုယ်အလေးချိန်ဟာ သုံးပုံနှစ်ပုံလောက်အထိ လျော့ကျသွားကြောင်း တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေနဲ့ ဆေးကုသရေး အဖွဲ့က ပြောပါတယ်။

 

*-78*

 

အာဖရိက ခြင်္သေ့မျိုးဟာ ပျောက်ကွယ်မှာကို စိုးရိမ်ရတဲ့ မျိုးစိတ်ဖြစ်ကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းအဖွဲ့က ထုတ်ပြန်ပါတယ်။ အာဖရိက ခြင်္သေ့မျိုးဟာ ၁၉၉၃ ကနေ ၂၀၁၄ အတွင်း ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီကနေ့ချိန်မှာတေ့ ကောင်ရေ ၂၀,၀၀၀ သာ ကျန်တော့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား -AFP