ဗန်းမော်မြို့တွင် အပူလွန်ပြီး ဝါယာရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ဗန်းမော် ၂၈ မတ်

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် နှစ်ပင်လိမ်ဝါယာကြိုးဖြင့်ပလပ်(၃)ပေါက် စလုံး အသုံးပြုရာမှ ဝါယာရှော့ခ်ဖြစ်ကာ နေအိမ် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့၊ ရွှေကျီးနားရပ်ကွက်ရှိ နေအိမ်၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီး ရေသယ်ယာဉ်(၅)စီးဖြင့် ရပ်ကွက်နေ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။

 

မီးလောင်မှုကြောင့် သက်ကယ်မိုး၊ အပေါ်ထပ် ထရံကာ၊ပျဉ်ခင်း၊ အောက်အုတ်ခံ နှစ်ထပ်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ်အပေါ်ထပ်ဘုရားစင်၌ နီ/နက် နှစ်ပင်လိမ်ဝါယာကြိုးဖြင့် ပလပ်ပေါက် သုံးပေါက်စလုံး အသုံးပြုထားရာမှ အပူလွန်ကဲ၍ ထရံအား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမိုး(၇၃)နှစ်၊ ရွှေကျီးနားရပ်ကွက်၊ ဗန်းမော်မြို့နေသူအား အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

 

ဦးစိတ်တို