စပါးအသင်းက ဘာစီလိုနာကြယ်ပွင့် ရာကီတစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ

mdn

၁၀ မေ

 

ပရီမီယာလိဂ်ကလပ် စပါးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစား သမား ရာကီတစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

 

ရာကီတစ်ကို ဆီဗီလာအသင်းကခေါ်ယူမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ ပေမယ့် ဆီဗီလာအသင်းအနေနဲ့ ရာကီတစ်ကို ခေါ်ယူမှာမဟုတ်ဘူးလို့ အတိအလင်း ပြောကြားလာပြီးချိန်မှာတော့ စပါးအသင်းနည်းပြ မော်ရင်ဟိုက ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

 

ရာကီတစ်ဟာ လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းကလည်း နောက်ဆုံး ၁၂လအတွင်းကို ရောက်ရှိနေပြီဖြစ်ပြီး ဘာစီလိုနာ အသင်းကလည်း နွေရာသီဈေးကွက်အတွင်းရာကီတစ်ကို ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

 

အသက် ၃၂ နှစ်အရွယ်ရှိ ရာကီတစ်ကို ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်း ဆီကနေ ပြောင်းရွှေ့ကြေးပေါင် ၁၅ ဒသမ ၈ သန်းနဲ့ ဘာစီလိုနာအသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဆီဗီလာအသင်း အားကစားဒါရိုက်တာ မွန်ချီက ရာကီတစ်ကို အသင်းဆီတစ်ကျော့ပြန်ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောကြား ခဲ့တာဖြစ်ပါတယ်။

 

ငွေကြယ်