မင်းဘူး ၂၇ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ (စကု)မြို့နယ်ရှိ ကျေးရွာအချို့တွင် ယနေ့ ညနေ ၅ နာရီခွဲတွင် လေပြင်းတိုက်ခတ်မှု များကြောင့် လူနေအိမ် ၂ လုံးပြိုလဲပြီး နေအိမ် ၂၆ လုံး အမိုးလန်ပျက်ဆီးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကနဦးသတင်းများအရ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် စကုမြို့ အမှတ်(၃)ရပ်ကွက်၊ ပဒေသာကျွန်း၊ ကျောက်စံ၊ ကံသစ်၊ မင်းရွာ၊ ပေါက်ငူ၊ ပေါက်လေးပင်၊ ခြင်ထောင်၊ ရွာသစ်ကုန်းနှင့် ကဒီး စသည့် ကျေးရွာများသည် လေပြင်းဒဏ်ခံခဲ့ရကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)