ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာ သမဝါယမအသင်းလီမီတက်မှ အသင်းသားများအား ထောက်ပံ့ငွေများ ပေးအပ်

ဘုတလင်  ၃၀ ဇွန်  


စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာ ငွေကမ္ဘာလယ်ယာနှင့် အထွေထွေ စီးပွားရေး သမဝါယမအသင်းလီမီတက်က ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသင်းသားများအား ထောက်ပံ့ငွေနှင့် လက်ဆေးဆပ်ပြာများကို ဇွန် ၂၉ ရက် ညနေ ၄ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။


ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေး၊ ဦးစီးမှူး ဦးတင်မျိုးမင်း၊ ငွေကမ္ဘာလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း လီမီတက်ဥက္ကဋ္ဌ ဦးမြင့်အောင် တို့က အသင်းသား ၁၂၄ ဦးအား တစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ငွေကျပ် ၆ သိန်း ၂ သောင်းနှင့် လက်ဆေးဆပ်ပြာများကို ပေးအပ်ခဲ့ကြသည်။


ထို့နောက် သားရိုးကုန်းကျေးရွာရှိ အသက်(၁၀၀)ပြည့် အဘွား ဒေါ်မန်းသွယ်အား ငွေကမ္ဘာလယ်ယာ နှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမီတက်က ငွေကျပ်တစ်သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဖိုးခါး(ပြန်/ဆက်)