လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ရေဇွာမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရေဇွာ    ၄    ဇူလိုင်      

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ ညနေပိုင်းက ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် အဖွဲ့သည် ရေဇွာမြို့ တိုက်နယ်ဆေးရုံအတွက် ခွဲစိတ်ခန်းနှင့် သားဖွားခန်း(RCC)နှစ်ထပ်ဆောင် တည်ဆောက်နေမှု၊ အခြေခံပညာ အထက်တန်းကျောင်းဆောင် (RCC)နှစ်ထပ်ဆောင်နှင့် ပညာရေးဝန်ထမ်းအိမ်ရာ (RCC)နှစ်ထပ်ဆောင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများအား လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

ဟုန်းအွမ်(ပြန်/ဆက်)